လူတို့၏ စိတ်ကို တိတ်သဆိတ်ခြိမ်းခြောက်နေသော အခြား ကြောက်ရွံ့မူ တစ်မျိုးလည်း ရှိသေး၏ ။ ယင်းသည်ကား သဘာဝ၏ မထိန်းချုပ်နိုင်သော စွမ်းအားများနှင့် မသိနိုင်သော အရာတို့ကို ကြောက်ရွံ့ခြင်းဖြစ်၏ လူသားသည် ရှေးရှေးသော အခါက တိရစ္ဆာန်ရိုင်းများနှင့် အခြားသော မျိုးနွယ်စုတို့၏ တိုက်ခိုက်မူများမှ သူ့ကို ကာကွယ်ရန် ဆည်းပူးလေ့လာနေစဉ် အတွင်း အထက်ပါ ကြောက်ရွံ့မူက သူ၏ နောက်သို့ ခေတ် အဆက်ဆက် တကောက်ကောက် လိုက်ပါနေခဲ့၏ ။အရိုင်းဘဝ၏ ရှည်လျားသောညဉ့်များ`၌ သဘာဝစွမ်းအားများနှင့် ရင်ဆိုင်နိုင်ရန် ထာဝရကြိုးပမ်းနေစဉ် အတွင်း အယူသည်းမူ၏ မျိုးစေ့များကို လူ၏ စိတ်`၌ ပျိုးစိုက်ကြဲပြီး ဖြစ်သွားခဲ့ပေ၏ ။ ဤ အယူသည်းမူသည် ယနေ့တိုင်အောင်ပင် ဆက်လက် တည်ရှိနေပေ၏ ။
ရှေးကျသော မူရင်းအဓိပ္ပာယ်အယူအဆအရ ဖော်ပြရာတွင် ကြောက်ရွံ့မူ ဆိုသည်မှာ ကြောက်ရွံ့မူကို ဖြစ်ပေါ်စေသည့်အခြေအနေမှ ထွက်ပြေးရန်ကြိုးပမ်းခြင်းများနှင့်လည်းကောင်း ၊ သွေးဆုတ်၍ အသားဖြူခြင်း-ကိုယ်တုန်ခါခြင်း-နှလုံးခုန် မြန်လာခြင်း-ပါးစပ်ခြောက်သွေ့ခြင်း စသည့် ဇီဝကမ္မဗေဒပြောင်းလဲမူများနှင့်လည်းကောင်း၊ ဤ သို့သော ဝိသေသလက္ခဏာများနှင့်ယှဉ်စပ်နေသော ပြင်းပြသည့်ခံစားမူဖြင့် တုံပြန်ချက်တစ်ရပ်ဖြစ်သည်ဟု ဆို၏ ။
ထင်ရှားကျော်ကြားသော စိတ်ပညာရှင် ဇီဝကမ္မဗေဒပါရဂူတစ်ဦးဖြစ်သူ ဂျွန်ဘရုတ်ဒတ်(စ်)ဝတ်ဆင်၏ အဆိုအရ--ကြောက်ရွံ့မူသည် သင်ယူရန်မလိုသော ပြင်းပြသော ခံစားမူဖြင့် တုံ့ ပြန်ချက်သုံးမျိုးတွင် တ တစ်မျိုးဖြစ်၏ ။ ကျန်နှစ်မျိုးမှာ ချစ်ခြင်းနှင့် စိတ်ဆိုးခြင်းတို့ဖြစ်ကြ၏ ။-ဝတ်ဆင်၏ အယူအဆအရ မွေးခါစ ကလေးငယ်သည် သူ့ကို ထိန်းပေးထားသည့် အောက်ခံ ကူ ညီမူ ရုပ်တရက် လွတ်သွားသောကြောင့်လည်းကောင်း၊ ကျယ်လောင်သော အသံများကို ကြားရသောကြောင့်လည်းကောင်း ကြောက်စိတ်ကိုစတင်ရရှိလာ၏ ။ထိုကလေးငယ်သည်ပင် ကြောက်စရာ မရှိကြောင်း အသေအချာအားကိုးစရာ ရှိကြောင်းကိုသိရန် ချစ်ခင်မူနှင့် အသိပေးနှစ်သိမ့်မူတို့ လိုအပ်သည်ဟု ဝတ်ဆင်ယူဆ၏ ။ မိခင်၏ ကြင်နာယုယမူသည် အခြေခံစိုးရိမ်ကြောင့်ကြမူမှ ပေါ်ပေါက်လာသော စိတ်တင်းကျပ်မူများကို ဖြေလျော့စေနိုင်သည် ။
မွေးစကလေးငယ်၏ အချို့သောကြောက်ရွံ့မူတို့သည် ကလေး၏ အတိတ် ဘဝနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရ၏ ။ ထိုကြောက်ရွ့မူများသည် ကလေးငယ်၏ စိတ်အစဦးတွင် လိုက်ပါလာကြပြီး ထင်ထင်ရှားရှား လတ်လတ်ဆတ်ဆတ် တည်ရှိနေကြ၏ ။ ထိုကြောက်ရွံ့မူတို့နှင့်ဆက်စပ်နေသော မြင်ကွင်းများသည်လည်း ကလေးငယ်စဉ် အရွယ်`၌ ကလေး၏ စိတ်တွင် တစ်ခါ တစ်ရံ ထင်ပေါ်လာကြ၏ ။
သူ၏ နားလည်နိုင်သော နယ်ပယ်ကို ကျော်လွန်သွားသည်အခါ၊ တစ်နည်း သူနားမလည်နိုင်သည့် အင်းအားစုများနှင့် ရင်ဆိုင် တွေ့ရသောအခါ လူရိုင်းနှင့် တိရစ္ဆာန်တို့၏ အကြားရှိခြားနားမူသည် ပေါ်လွင်လာ၏ ။တိရစ္ဆာန်သည် ပင်ကို သဘာဝအသိဖြင့် အခြေအနေနှင့် လိုက်လျောညီထွေတုံ့ပြန်ရင်း ထိုအင်အားစုအောက်တွင် သေဆုံးကြရ၏ ။လူရိုင်းကား ထိုသို့မဟုတ်၊ သူ့ထက်ခွန်အားကြီးကြသော တိရစ္ဆာန်ရိုင်းများနှင့် ဝန်းရံခံရသောအခါ`၌လည်ကောင်း၊ မိုးကြီး-လေကြီး-မိုးကြိုးနှင့် လျှပ်စီးကဲ့သို့သော သဘာဝခွန်အားများနှင့် ရင်ဆိုင်ရသောအခါ`၌လည်းကောင်း၊ ငလျင်လှုပ်ခြင်း-မီးတောက်ပေါက်ကွဲခြင်း-ကပ်ရောဂါ ဆိုက်ရောက်ခြင်းစသည့် သဘာဝဘေးဆိုးများနှင့် ကြုံတွေ့ရသောအခါ`၌လည်းကောင်း၊ လူရိုင်းသည် ကြောက်ရွံ့ထိတ်လန့်လျက် မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်ကာ မသိနိုင်သော စွမ်းအားများထံမှ အကာအကွယ်ပေါ်ရန် အကူအညီကို တောင်းခံ၏ ။
သူ၏ပြင်ပတွင် စွမ်းအားတစ်ရပ်ရှိသည်ဟူသော သူ၏ရှေးဦးယူဆချက်မှ ရှေးလူရိုင်းတို့သည် ဘာသာရေးထုံးတမ်းဓလေ့နှင့် ကိုးကွယ်ခြင်းတို့ကို ပြုစုပျိုးထောင်ခဲ့ကြ၏ ၊ သဘာဝစွမ်းအားများကို သူတို့၏ ဘုရားများအဖြစ် ပြုလုပ်ခဲ့ကြ၏ ။သူတို့ကို ကျေနပ်သဘောကျအောင် ပြုလုပ်နိုင်သည့်နည်းတူ ထိုသဘာဝစွမ်းအား--ဘုရားများကိုလည်းဆုတောင်းခြင်းဖြင့် ကျေနပ်နှစ်သက်စေနိုင်သည် ဟု သူတို့ယူဆကြ၏ ။ ကောင်းသော အင်အားစုများသည် ကောင်းသော -နတ်ဘုရားများ ဖြစ်လာကြပြီးလျှင်ဆိုးရွားသည့်အင်အားစုများမှာ ဆိုးရွားသော-နတ်ဘုရားများ ဖြစ်လာကြ၏ ။
သဘာဝ၏ အခြေံနိယာမများကို နားမလည်နိုင်ကြသော လူအပေါင်းဆီသို့ ကြောက်ရွံ့ခြင်းသည် ဝင်ရောက်လာ၏ ။ကြောက်ရွံ့ခြင်းသည် အယူသီးသောယုံကြည်မူများကို စတင်ဖြစ်ပေါ်စေသော အခြေခံသဘောတရား သို့မဟုတ် လှုံ့ဆော်မူ တစ်ရပ်ဖြစ်၏ ။ ဖန်ဆင်းရှင်၏ ငြိုငြင်မူကို ခံရသည်ဟူသော အယူအဆကို ဘာသာတရားများစွာ၏ ဘာသာဝင်များတို့၏ စိတ်ဝယ် သွတ်သွင်းပေးထားကြသည် ။ဤ ဘာသာဝင်များသည် အစစ အရာရာကုံလုံပြည့်စုံဖို့အတွက် ဘုရားသခင်အပေါ် တည်မှီနေသည်ဟု ယုံကြည်ကြ၏ ။
အချို့သော ဘာသာရေးစနစ်များနှင့် ကိုးကွယ်မူတို့၏ အခြေခံအုတ်မြစ်သည် မသိမြင်နိုင်သောစွမ်းအားကို ကြောက်ရွံ့တတ်သော ပင်ကို သဘာဝ၏ အလိုအလျောက် ကြောက်ရွံ့မူပေါ်တွင် အခြေခံထားကြ၏ ။ ဘာသာတရားများက ဖန်တီးထားကြသော ကြောက်ရွံ့မူသည် ကြောက်ရွံ့မူများတွင် အဆိုးဆုံးအသွင်ဖြစ်၏ ။ အကြောင်းမှာ ထိုကြောက်ရွံ့မူသည် စိတ်ကိုထောက်ခြောက်ထဲ`၌ အကျဉ်းချထားပေးသောကြောင့်ဖြစ်၏ ။ ကြောက်ရွံ့မူသည် အယူသီးမူကြီးထွားလာရန် မြေတောင်မြှောက်ပေးပြီးလျှင် အယူသီးမူကို မသိမူ ---အဝိဇ္ဇာ၏ မြူထုထဲတွင် ရှင်သန် ဖွံ့ဖြိုးနေပေ၏ ။
လူသားသည် သူ၏ ပြဿနာများကို အမြဲတစေဖြေရှင်းပေးနိုင်ခြင်းမရှိသော အဆက်မပြတ် ပြောင်းလဲနေသည့် ဤကမ္ဘာ`၌ သူနှင့် သူချစ်သောသူများအတွက် လုံခြုံမူကို မျှော်ကိုးတမ်းတမိ၏ ။ တစ်စုံတစ်ခုသောပြဿနာကို ဝန်းရံထားကြသော အခြေအနေများ ပြောင်းလဲသွားပြီးလျှင် အခြားသော ပြဿာနာ အသစ်များ ပေါ်ပေါက်လာကြသဖြင့် သူသည် ယခင် အတိုင်းပင် စိတ်ရူတ်ထွေး၍ ဘာလုပ်ရမှန်း မသိဘဲ ကျန်ရစ်၏ ။ သူသည် ပင်လယ်ကမ်းခြေတွင် သဲရဲတိုက်များကို တည်ဆောက်ထားပြီးနောက် လိမ့်တက်လာသောလှိုင်းလုံးတိုင်းကို စိုးရွံ့နေရသည့်ကလေးငယ်ပမာ စိုးရိမ်ကြောင့်ကြလျက်ရှိ၏ ။
ဤသို့လုံခြုံမူကို တောင့်တ၍ သေခြင်းတရားကို ကြောက်ရွံ့နေမူတို့ကြောင့် လူသားသည် အယူသီးခြင်း၏ သားကောင်းအဖြစ်သို့ ကျရောက်သွား၏ ။ စကြဝဠာ၏ နက်နဲသိမ်မွေ့မူနှင့်ဝန်းရံနေသော လူသားသည် သူကြောင်ရွံ့သော အရာများ`၌ ယုံကြည်အားကိုးမူကို သူပြုစုပျိုးထောင်၏ ။မသိမူ--အဝိဇ္ဇာနှင့် မသိနားမလည်နိုင်သော အရာကို ကြောက်ရွံ့မူတို့သည်ပင် ရှးဦး ဘာသားရေးယုံကြည်မူများကို ဖြစ်ပေါ်လားစေကြ၏ ။စကြဝဠာ၏ အလုပ် လုပ်နေပုံများကို မည်သည့်အခါမျှ မမှားယွင်းနိုင်သော သဘာဝလွန်ဘုရားသခင်များ၏ ဖန်ဆင်းမူဖြင့် ရှင်းပြကြ၏ ။ ဘုရားသခင်များသည့် ဖြစ်ပျက်သမျှ အရာ အားလုံးကို ထိန်းချုပ်ထားကြသည်ဟု ယူဆကြ၏ ။
သိပ္ပံပညာက ထိုသို့သော ဒဏ္ဍာရီဆန်သည့် ယုံကြည်ချက်များကို ဖယ်ရှား၍ ခေတ်သစ်လူသား၏ အသိညာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင် များစွာ စွမ်းဆောင်ပေးခဲ့ပြီးဖြစ်ပါသော်လည်း အတိတ်က အမွေခံ ရှရှိခဲ့သည့် အယူသီးမူများမှာ လူနှင့်အတူ ရှင်သန်ကျန်ရစ်နေဆဲဖြစ်၏ ။ သူသည် သူကိုယ်တိုင် အကျဉ်းချထားသော အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ကြိုးပမ်းရပေဦးမည် ။
အယူသီးမူများသည် စိတ်ကို အားပျော့စေပြီး လူကို ကျေးကျွန်အဖြစ်သို့ ရောက်စေ၏ ။ အယူသီးသောစိတ်ကူးများ- ယုံကြည်မူများနှင့် ကျင့်စဉ်များသည် ပညာမတတ်သူများအကြား`၌သာမက ကောင်းစွာ ပညာတတ်မြောက်သူများ`၌ပါ ထူးဆန်းစွာ စွဲစွဲမြဲမြဲတည်ရှိနေကြပေ၏ ။
လူ့အဖွဲ့အစည်းသည် မြတ်စွာဘုရား၏ အောက်ပါ စကားကို သတိရသင့်ပေ၏ --- မည်သည့်နေရာ`၌မဆို ကြောက်ရွံ့မူ ဖြစ်ပေါ်လာလျှင် ထိုကြောက်ရွံ့မူသည် လူမိုက်`၌သာ ဖြစ်ပေါ်၏ ။ပညာရှိသူ`၌ မဖြစ်ပေါ်ချေ ။
(မှတ်ချက်-) ဒေါက်တာမင်တင်မွန် စာအုပ်များဖြစ်ပါသည်။

စာဖတ်သူ အားလုံး ဘေးရန်ကင်းကွာ-စိတ်ချမ်းသာပြီး လိုအင်ဆန္ဒ မှန်သမျှတို့ လုံးဝ ဥဿုံပြည့် စုံ နိုင်ကြပါစေ…..
အရှင်ကုဏ္ဍလ(ဟိတကာရီ)
No comments:
Post a Comment