Thursday 28 February 2013

"သူတော်ကောင်းနှင့် သူယုတ်မာ"



အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်
သူယုတ်မာတို့၏ အခြေခံသဘောကို၎င်း၊
... သူတော်ကောင်းတို့၏ အခြေခံသဘောကို၎င်း၊
ဤသို့ ဟောကြားတော်မူ၏။

ရဟန်းတို့၊ သူယုတ်မာသည်
ပြုဖူးသော သူ့ကျေးဇူးကို မသိ၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ၊
ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကို မသိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို
သူယုတ်မာတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောတည်း။

ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား
ပြုဖူးသောသူ့ကျေးဇူးကို သိ၏၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိ၏၊
ရဟန်းတို့ ဤသို့ ပြုဖူးသော သူ့ကျေးဇူးကို သိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိခြင်းကို
သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။

( သမစိတ္တ၀ဂ်-အင်္ဂုတ္တိုရ်ပါဠိတော် )

No comments:

Post a Comment