Thursday 28 February 2013

“ ကိုယ်ဘက်က ကောင်းဖို့သာ အဓိက ”

မြတ်စွာဘုရားက
“ လောကမှာတဲ့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က
... ကောင်းလို့ ကိုယ်ကကောင်းနေတာ။ ဆိုလိုတာက
သူများတွေကတော်နေလို့ ကောင်းနေတဲ့ သူတော်
ကောင်းဖြစ်နေရတာ။

တချို့ကြတော့ ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်း
တယ်လေ။ ကိုယ့်အလိုအတိုင်း ပြည့်နေလို့
ပတ်ဝန်းကျင်က သဘောကောင်းလိုက်တာ။ ပတ်ဝန်း
ကျင်အဆိုးနဲ့တွေ့ရတဲ့အခါမှာ သဘောကောင်း
သလား၊ မကောင်းသလား ဆိုတာကို ဆုံးဖြတ်
ကြည့်ရမယ်။

တချို့ကြတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစား
ပေးခံနေရလို့ သဘောကောင်းနေတာလည်း ရှိသေး
တယ်။ ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုး
ဟာလည်း ရှိတတ်ပါတယ်။

အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ
မျိုမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနေတာ
တကယ်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
“နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်
ဘူး။ “ ဥပသန္တ ” စိတ်နှလုံးငြိမ်းအေးတဲ့ပုဂ္ဂိုလ်မျိုး
မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ စဉ်းစား
ကြည့်ပါ။

ငါဟာ တကယ်သဘောကောင်းတဲ့သူလား။ ပတ်ဝန်း
ကျင်က ကောင်းလို့ကောင်းတာ၊ စိတ်မဆိုးတတ်တာ
လား။ စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား။ စိတ်ဆိုး
စရာတွေ့ရင် စိတ်ဆိုးမှာပါလား။

ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။
တကယ့်ကို ပတ်ဝန်းကျင်က မကောင်းတဲ့ကြားမှာ
ငါကောင်းအောင် နေနိုင်ရဲ့လား။ ကိုယ့်ကို ထော်လော်
ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားထဲမှာ ကိုယ့်စိတ်ကို
ဘယ်လောက်ထိန်းနိုင်လဲဆိုတာကို စဉ်းစားကြည့်ပါ။

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )


No comments:

Post a Comment