Wednesday 27 February 2013

၃၁-ဘုံမှာ...

-->တစ်သံသရာလုံး ၃၁-ဘုံမှာ ဘ၀မျိုးစုံနဲ့
ကိလေသာ အာရုံတွေ ခံစားခဲ့၊ အိုခဲ့၊ နာခဲ့၊ သေခဲ့
အရိုးတောင်လိုပုံအောင် ဒုက္ခပင်လယ်ဝေခဲ့လှပြီ။

လူ့ပြည်ဆုတောင်းတာ မြေကြီးကြီးပွားဖို့၊
... နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊
ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့ပဲ။

ခင်ဗျားတို့ အရိုးတွေ၊ အသားတွေ နောက်ထပ်မြေကြီး
၁၃-မိုင်တက်ပြီးမှ ဒီတရားမျိုး နောက်ထပ်တစ်ကြိမ်ပေါ်မယ်။

ဘုရားက သံသရာလွတ်ကြောင်း ၀ိပဿနာ အကျိုးငှာ ပေါ်လာတာ။
ဒီအချိန်ကို မိအောင်သာ ဖမ်းကြပေတော့။

(မိုးကုတ် ဆရာတော်ကြီး)

No comments:

Post a Comment