တရားရှာ ကိုယ်မှာတွေ့..ဆိုသည်အတိုင်း
ကိုရင် ငယ်လေးများ ငယ်ပင် ငယ်ငြားသော်လည်း။ မြတ်ဘုရား ချမှတ်ခဲ့သော နည်းများကို ရယူကာ
အမြတ်တရားကို လုံးလ ဝိရီယ အပြည့်နှင့် ကြိုးစား အားထုတ် နေကြသည်မှာ-လွန်စွာမှ အားရ
အတုယူစရာ ကောင်းလှပေ၏။ တရား၏ တန်ဖိုး တရား၏ တန်ခိုး တရား၏ ဂုဏ်ကျေးဇူးကို အထူး အောင့်မေ့ကာ-
ကြိုးစားအားထုတ်နေကြသော ထို ကိုရင်ငယ် သာမဏေငယ်လေးတို့၏ စိတ်အစဉ်ကို မှန်ဆ၍ ကြည့်လိုက်လျင်
ကြည်လင် တောက်ပ နေမည်ဆိုသာ မလွဲ ဧကန်သာ ဖြစ်ချေတော့မည်။
သို့အတွက်ကြောင့်
လယ်တီ ဆရာတော်ကြီးက မိန့်တော်မူခဲ့သည်မှာ=
*************************************
တစ်နေ့ကွယ်၊
သေနယ်သို့၊တစ်ခါကူး၊ နေကွယ်တာ များလျင်ဖြင့်၊ သေနယ်ရွာ တစ်ခါ သွားရလိမ့်၊ တားမရဘူး။ ဆိုသည်ကို လက်ကိုင်း ထားသည့် အလား။ မိမိတို့သည်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ..ဧကန်မုချ သေပွဲ ဝင်ကြ ရပါမည်။ မသေခင် သေပေါက်ဝ မရောက်ခင်
အချိန်လေးများကို တန်ဖိုးရှိစွာ။ တန်ဖို တက်အောင် မိမိတို့ကိုယ်တိုင်ပင် ရူမှတ် အားထုတ်
ပွားများရပါမည်။
ယခုလည်း ထို
ကိုရင်ငယ် သာမဏေငယ်များကို အတုယူခါ ကျောင်းသားဆိုပါလျှင် နွေရာသီကျောင်းပိတ်ရက်ကလေးများ
အားလတ်သည့် အချိန်ကောင်းလေးများကို အသုံးပြုသည် အနေဖြင့် တရားစခန်း ဖွင့်ရာ ဓမ္မရိပ်သာများသို့
လည်းကောင်း။ သို့တည်းမဟုတ်=ဓမ္မစကူးလ် သင်တန်းကျောင်းသို့လည်းကောင်း။ သို့မဟုတ်- ဗုဒ္ဒဘာသာ
ယဉ်ကျေးမူ သင်တန်းများကို လည်းကောင်း အထူးဂရုစိုက် သင်ကြား နာယူ မှတ်သား ပွားများနိုင်ဖို့ရန်
ခရီးဆက်သင့်ပါ၏ ။
သို့မှသာ..အနာဂတ်အရေး
တော်ချေမည်။ တော်ချေမည်ဆိုသည်မှာ..ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့်အတိုင်း မိမိတို့သည်
တစ်နေ့ လူငယ်ကနေပြီး လူကြီးများ ဧကန်မုချ ဖြစ်လာကြတော့မည်။ ထို ဖြစ်လာသည့်အခါ မိမိကိုယ်တိုင်
ဆည်းပူး လေ့လာ ပွားများ အားထုတ် ပြုလုပ်ထားသည့် အလေ့ကောင်း အကျင့်ကောင်းလေးများကို
ကလေးများအား တဆင့် ပြည်လည် ပို့ချ ပြောပြ နိုင်ကြပေမည်။
ပြောပြနိုင်အောင်
ထိုကိုရင်ငယ် သာမဏေများ ဥပမာ သင်ခန်းစား ယူကာ သင်တို့ ငါတို့သူတို့က ယခုကပင် နွေရာသီ
ကျောင်းပိတ်ရက် (ကျောင်းသားများအတွက်) လူကြီးဆိုလျင်- ရုံးအလုပ်နားချိန် ကုမ္မဏီအလုပ်
နားချိန်းလေးမှာ တနိုင်တပိုင် ကြိုးစား ဆည်းပူး အားထုတ်နိုင်ကြပါစေကြောင်း.........ဆန္ဒပြုလျှက်...
ဖြူစင်သော
စေတနာ မေတ္တာများဖြင့်………….
နေသိုက်ဈာန်(လမူး)
2-3-2013