Thursday 28 February 2013

အမြတ်ဆုံးတရားခြောက်ပါး

(၁) လောက၌ မြင်စရာ အဆင်းအားလုံးတို့တွင် မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာတော်တို့ကို ဖူးမြင်ရခြင်းသည် အမြတ်ဆုံး၊
(၂) လောက၌ြ...ကားစရာ အသံအားလုံးတို့တွင် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ကြားရခြင်းသည် အမြတ်ဆုံး၊
(၃) လောက၌ ရစရာလာဘ်လာဘအားလုံးတို့တွင် သဒ္ဓါတရားတည်းဟူသော လာဘ်လာဘကိုရခြင်းသည် အမြတ်ဆုံး၊
(၄) လောက၌ သင်စရာအတတ်ပညာ အားလုံးတို့တွင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့်ပြည့်စုံသော အကျင့်မြတ်ကို သင်ယူခြင်းသည် အမြတ်ဆုံး၊
(၅) လောက၌ လုပ်ကျွေးစရားပုဂ္ဂိုလ်များစွားတို့တွင် ရတနာသုံးပါးကို လုပ်ကျွေးရခြင်းသည် အမြတ်ဆုံး၊
(၆) လောက၌ သတိရစရာအားလုံးတို့တွင် ရတနာသုံးပါးကို သတိရခြင်းသည် အမြတ်ဆုံး။
(အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်)

No comments:

Post a Comment